Friday, December 24, 2010

ပျော်ရွှင်ခြင်းသီချင်းတွေအားလုံးရဲ့ အိမ်တွေပေါ်ကို ထိုးစိုက်နိုင်ပါစေ

ရက်အနည်းငယ်အတွင်းမှာ နှစ်တစ်နှစ်ကိုကူးပြောင်းပါတော့မယ်။ဘဝမှာနောက်ပြန်လှည့်ကြည်တော့မှလုပ်ခဲ့
သမျှအရာအားလုံးဟာ ဓါးသွားပေါ်ကပျားရည်စက်ကို တပ်မက်တဲ့စိတ်နဲ့လုပ်ခဲ့ကြတာတွေကများနေပါတယ်။
အပြောင်းအလဲတွေရဲ့သဘောတရားကိုထိထိခိုက်ခိုက်တွေးတောဆင်ခြင်မိတာကလည်းဆံချည်တစ်မျှင်မြူတစ်
မှုန်စာတောင်ရှိခဲ့ပါ့မလား။ဒီလိုအထိအခိုက်လေးကိုမောင်ချောနွယ်ကမြန်မာပြည်သားကဗျာဆရာမောင်ချောနွယ်
ကဒီလို အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါတယ်။
နှင်းဝေဝေမနက်
ဆွတ်ပျံ့ဖွယ်ဥသြသံသာ
နွေကိုလုခဲ့ရှာ။     ။